ဘဒ္ဒန္တဥာဏဝံသ မဟာထေရ်မြတ်၏
 အန္တိမအဂ္ဂိဈာပနပူဇာသဘင်


 
ချောင်းဆုံမြို့ နယ် ၊မုဒွန်းကျေးရွာ ၊သာယာကျောင်း ဆရာတော်ဘုရားကြီး
 ဘဒ္ဒန္တဥာဏဝံသ မဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် ကို
၁၃၇၇-ခုနှစ်၊တပေါင်းလဆုတ် (၄-၅-၆)ရက်နေ့တွင် စည်ကားသိုက်မြိုက်
စွာ ပူဇော်ကျင်းပမည် ဖြစ်သည့်အတွက် သာယာကျောင်း မိသားစုနှင့်
အတူတကွ ပါဝင်ပူဇော်လှူ ဒါန်းနိုင်ရန် ကံစမ်းမဲထီလက်မှတ်များကို
စတင်ရောင်းချပေးနေပြီးဖြစ်ပါသည်။
             ရှိလို့လှူ နေတာ-လှူ လို့ရှိနေတာ ဆိုတဲ့စကားနဲ့အညီ
ရေ၊မြေနယ်ခြား တိုင်းတပါးတွင် ပင်ပန်းကြီးစွာ ဘဝအတွက် ရုန်းကန်နေရ
သော ညီအစ်ကို၊မောင်နှမများ သိရှိနားလည်ပြီး ပါဝင်လှူ ဒါန်းနိုင်ရန်အလို့ငှာ
ရေးသားတင်ပြရခြင်းဖြစ်ပါသည်။
                            အခုလို အသက်အရွယ်ကြီးသော ဆရာတော်ဘုရားကြီး၏
ဘုန်းကြီးပျံ ပွဲသည် ကြုံ တောင့်ကြုံ ခဲပါ နောက်ဆိုရင် ဘုန်းကြီးပျံ ဆိုရင် ကြုံ ဖို့မလွယ်
ကူတော့ပါ ဘာလို့လည်းဆိုတော့ အခု ကျောင်းထိုင်ဘုန်းကြီးများသည် ကျွန်တော်တို့ထက်
အသက်ငယ်ကြသည် ၊သေစရာရှိရင် ကျွန်တော်တို့ အရင်သေရမည်ဖြစ်သည် ၊သူတို့သည်
အသက်ငယ်သည့်အတွက် နောက်ကျမှ သေလိမ့်မည် နောက်ဘုန်းကြီးပျံ ဆိုတာကြုံဖို့ မလွယ်
တော့ပါ (အရှင်ဘုရားတို့အား ပျံလွန်တော်မူစေသော စိတ်ဆန္ဒဖြင့် ရေးသားခြင်း လုံးဝ(လုံးဝ)
မဟုတ်ပါ တပည့်တော်အား ခွင့်လွတ်ပေးပါ ဘုန်းဘုန်းဘုရား) ကျွန်တော်သည် မွန်လူမျိုး
ဖြစ်သည့်အားလျော်စွာ မြန်မာစာ ၊မြန်မာစကား ညံ့ဖျင်းမှု ၊ ဘုန်းကြီးများသုံးသော စကားနှင့်
အခေါ်အဝေါ်တို့ကို လေ့လာလိုက်စားမှု အားနည်းခြင်းတို့ကြောင့် မှားယွင်းစွာသုံးနှုန်းရေးသား
ထားသည်များကို နားလည်ခွင့်လွှတ်ခြင်းဖြင့် ပြင်ဆင် ဖတ်ရှုပေးစေချင်ပါသည်။
                         ကျွန်တော်တို့၏ ကံစမ်းမဲလက်မှတ်ကတော့ အက္ခရာ၁လုံး ဂဏန်း၃လုံးပါ
ဥပမာအနေနဲ့ပြောရမယ်ဆိုရင် က-၀၀၀ မှ က-၉၉၉ အထိပါ ၊ အက္ခရာအနေနဲ့ (က မှ အ) ထိ
ရှိပါတယ် နှစ်သက်ရာ နံပါတ်ကိုရွေးချယ်ပြီး ကုသိုလ်ရဖို့အတွက် ကံစမ်းနိုင်ကြပါပြီ ၊ပြည်ပရောက်
ညီအစ်ကို ၊မောင်နှမများအတွက် ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်မည့် နေရာနှင့်လူပုဂ္ဂို လ်အမည်
စာရင်းကို မကြာခင်ထုတ်ပြန်ပါအုံးမည် ၊ ထိုင်း ၊မလေးရှား ၊စင်္ကာပူ ၊ကိုရီးယားနိုင်ငံတို့တွင်အလုပ်
လုပ်နေကြသော မိတ်ဆွေ ၊ညီအစ်ကိုများအနေဖြင့် (၁၀) စောင်အထက်ဝယ်ယူပါက အကယ်၍
ဘီးလူးကျွန်းတွင် နေထိုင်သူဖြစ်လျှင် ကံစမ်းမဲလက်မှတ်များကို အိမ်အရောက် ပို့ပေးမည်ဖြစ်ပါသည်။
                     ပြည်ပတွင် ဝယ်ယူနိုင်မည့်နေရာနဲ့လူ စာရင်းမထုတ်ပြန်ခင် အသေးစိတ်
သိလိုသည်များကို အောက်ဖော်ပြပါ 
လိပ်စာနဲ့ ဖုန်းနံပါတ်တို့ဖြင့် သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

                                    ဦးဇင်းလွမ်းသူ
                         PH:            09-25865702
             

  
                                    မင်းရဲထွဋ်                  
                      email            ye2htute@gmail.com
                                          yehtut15@gmail.com
                      skype            yeh.tut
                         PHး               09-970552317



No comments:

Post a Comment