Showing posts with label windows 7. Show all posts
Showing posts with label windows 7. Show all posts

Windows 7 SP 1 တွင် Language Pack ချိန်းပြီး သုံးချင်သူများ အတွက်


ကျွန်တော် ဒီနေ့တော့ Windows 7 SP1 ကို Language Pack ချိန်းပြီး အသုံးပြုချင် သူများအတွက် နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားမှာ ဖြစ်ပါတယ် .. အရင်တုန်းကတော့ ရေးပေး ထားတာ ရှိပါတယ် .. အခု SP 1 အတွက် Language Pack ချိန်းလို့ရသွားပြီ ဖြစ်တဲ့အတွက် အသစ်ထပ်ရေးပေး သွားမှာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ နိုင်ငံ ရပ်ခြားမှာ ရောက်နေတဲ့ အခါမှာ အများစု Laptop တွေဝယ် ကြတဲ့ အခါမှာ သူတို့ နိုင်ငံတွေရဲ့ Language တွေနဲ့ Windows တွေကို တင်ပေးလိုက်ကြပါတယ် .. အင်္ဂလိပ်လို အသုံးပြုတဲ့ နိုင်ငံတွေက ၀ယ်လိုက်တာ ဆိုရင်တော့ ပြသနာ မရှိပေမယ့် ဥပမာ ၊   ဂျပန်တို့ ၊ တရုတ်တို့ ၊ ရုရှားတို့ ကနေ ၀ယ်မယ်ဆိုရင် သူတို့ရဲ့ Language နဲ့ Windows ကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ Orginal Windows ကိုလည်း မဖြုတ်ချင်ဘူး English လိုလည်း အသုံးပြုချင်တယ် ဆိုရင် အခု ကျွန်တော် ရေးပေးသွားမဲ့ နည်းလမ်းလေး အတိုင်း Language Pack ချိန်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်