net cut 2.1.4

နာမည်ကို တွေ့တာနဲ့သိကြမှာပါ ကွန်နက်ရှင်းကို
ဖြတ်တောက်ပေးတဲ့ ဆော့ဝဲလေးပါ
နည်းနည်းမွှေရမှ
နေသာထိုင်သာရှိတဲ့လူတွေ
ကြိုက်လိမ့်မယ် ထင်ပါတယ် ဖိုင်ဆိုက်က 1.64mb
ပဲရှိတယ် အကောင်သေးပေမဲ့ အဆိပ်ပြင်းတယ်
ကောင်းကျိုး-ဆိုးကျိုးရှိတယ်
ကောင်းကျိုးကတော့ အင်တာနက်ဆိုင်ပိုင်ရှင်အနေနဲ့

မိမိရဲ့ wifi ကိုခိုးသုံးနေတဲ့သူခိုးတွေကို ဒီဆော့ဝဲနဲ့ ပိတ်ပစ်လို့ရတယ်
ဥပမာ ဆိုင်မှာက စက်၅လုံးပဲသုံးထားတယ် ဒါပေမဲ့ဒီဆော့ဝဲမှာ ၈လုံးပေါ်နေတယ်ဆိုပါစို့
ကိုယ့်ဆိုင်ကစက်၅လုံးကိုဖယ်ပြီး ကျန်၃လုံးကို ပိတ်ပစ်လိုက်ပေါ့ ဒါဆိုရင် သူခိုးတွေက
ကိုယ့်ရဲ့ wifi ကိုဆက်သုံးလို့မရတော့ဘူး  ဆိုးကျိုးကတော့ သာမန်အသုံးပြုနေကြတဲ့
wifi က၁၀မီတာ အကွာဝေးထိ အလုပ်လုပ်တယ် ဒီတော့ ဆိုင်ပိုင်ရှင် မမြင်သာတဲ့
နေရာက ဒီဆော့ဝဲကိုသုံးပြီး wifi ကိုပိတ်ပစ်လိုက်ရင် ဆိုင်ထဲမှာရှိတဲ့ ကွန်ပြူတာ
အားလုံးကွန်နက်ရှင်ပြတ်တောက်သွားမယ် ပိတ်ထားတဲ့လူ ပြန်ပြီးမဖွင့်ပေးလို့ကတော့
ဘာမှဆက်လုပ်လို့မရတော့ဘူး နည်းပညာခေတ်မှာသိသင့်တယ်ထင်လို့ ကျွန်တော်
တင်ပေးလိုက်တာပါ သူတပါးအကျိုးစီးပွား ပျက်အောင်မလုပ်ကြပါနဲ့လို့ ပြောပါရစေ
ဆိုင်ပိုင်ရှင် ဖွားဖွား များလည်း ကျွန်တော့ကို စိတ်မဆိုးဘူးလို့ ယုံကြည်ပါသည်
{စိတ်ဆိုးရင် ဒီထက်ဖျက်အားကောင်းတဲ့ ဆော့ဝဲတွေတင်သွားပါအုံးမည် အလကားနော်
စကြည့်တာ စိတ်မဆိုးပါနဲ့ ကျွန်တော်မှာ ဘာဆော့ဝဲမှ မရှိဘူး}
                   
ဆော့ဝဲကို  ဒီမှာ အရင်ဆွဲလိုက်ပါ
                                       
 
အပေါ်ကပုံမှာ အကန့်၂ကန့် တွေ့ရပါလိမ့်မည် ဝဲဘက်ခြမ်းမှာ တဆိုင်လုံးမှာရှိတဲ့ ကွန်ပြူတာ
တွေပါ ဒီပုံက ကျွန်တော့ wifi နဲ့လုပ်ထားတဲ့အတွက် သုံးနေတဲ့စက်၃လုံးနဲ့ဖုန်း၁လုံးပဲ
ပေါ်ပါတယ် ဆိုင်မှာ၁၀လုံးသုံးထားရင် ၁၀လုံးပေါ်နေမယ်
ပထမအနေနဲ့ ဝဲဘက်ခြမ်းမှာပေါ်နေတဲ့ list ထဲက ပိတ်ချင်တဲ့စက်ကို တချက်ကလစ်ပေးပါ
ပြီးတော့ cuf off ကိုနှိပ်ပါ ၁မိနစ်လောက်ကြာရင် ပိတ်လိုက်တဲ့စက်က လုံးဝ ကွန်နက်ရှင်
ပြတ်တောက်သွားပါလိမ့်မယ် အနည်းဆုံးဆိုင်ရှင်ဘက်က ချွေးပြန်သွားမှာသေချာတယ်
ပြန်ဖွင့်ပေးချင်ရင်တော့ resume {သို့} refresh net ကိုနှိပ်ပေးပါ
ညာဘက်ခြမ်းမှာရှိတဲ့ မှင်နီတားထားတဲ့ တခုတည်းသော list ကို တချက်ကလစ်ပြီး
cuf off ကိုနှိပ်လိုက်ရင် တဆိုင်လုံးမှာရှိတဲ့ ကွန်ပြူတာအားလုံးကွန်နက်ရှင် ပြတ်တောက်
သွားမယ် ဘယ်စက်မှ ကွန်နက်ရှင် ဝင်လို့မရတော့ပါဘူး ဆိုင်ပိုင်ရှင်ကတော့ ကယောင်
ခြောက်ခြားဖြစ်ပြီး ဟိုဘက်စက်ကို ပြေးကြည့် ဒီဘက်စက်ကို ပြေးကြည့်နဲ့ အလုပ်ရှုပ်
သွားမှာ သေချာတယ် ပြန်ဖွင့်ပေးလိုက်ပါ resume {သို့} refresh net ကိုနှိပ်ပေးပါ
ထပ်မှာပါရစေ သူတပါး အကျိုးစီးပွားပျက်အောင် မလုပ်ကြပါနဲ့
ဆိုင်ပိုင်ရှင် မေတ္တာပို့မှာစိုးလို့ ကြားမှာမြုပ်ကွက်နည်းနည်းလေး ချန်ထားတာရှိတယ်
ခေါင်းကောင်းတဲ့လူတွေကတော့ လွယ်လွယ်လေး ကျော်သွားနိုင်လိမ့်မယ်

1 comment: