ဖိုင်ခွဲနည်း

ပြည်ပရောက်မိတ်ဆွေများအတွက်ပါ ပြည်ပမှာရှိတုန်းရိုက်ထားတဲ့
အလှဓါတ်ပုံတွေ ဗွီဒီယိုတွေ ပြီးတော့ထူးထူးခြားခြားမှတ်တမ်းတွေကို
မြန်မာပြည်မှာရှိတဲ့ မိသားစုကြည့်ဖို့အတွက် mail နဲ့ပို့တဲ့အခါကျတော့
ဖိုင်ဆိုက်က အရမ်းကြီးနေရင် ကိုယ်ကပြည်ပမှာရှိနေတော့ upload
တင်တာပြသနာ မရှိပေမဲ့ တော်တော်ကြီးတဲ့ဖိုင်ဆိုက်ကို မြန်မာပြည်မှာ
download ဆွဲဖို့ဆိုတာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး ဒီတော့ဖိုင်ဆိုက်
အကြီးကို အပိုင်းလေးတွေဖြစ်သွားအောင် ခွဲပြီး ပို့ပေးတာက ပိုအဆင်ပြေတာပေါ့

ဖိုင်ခွဲဖို့အတွက် winrar ရှိရမယ် winrar မရှီသေးသော စက်အသုံးပြုသူများ
winrar ကိုအရင်ယူလိုက်ပါ ကျွန်တော်တင်ထားတာရှိပါတယ် လင့်မသေသေးပါဘူး
တကယ်လို့လင့်သေနေရင် comment မှာတခုခုရေးပြီးအသိပေးခဲ့ပါ
လွယ်လွယ်လေးပါအောက်ကပုံကိုကြည့်ပြီးလုပ်လိုက်ပါ
ကျွန်တော် ထိုင်းသီချင်းတပုဒ်ကို နမူနာခွဲပြထားပါတယ်
ခွဲမဲ့ဖိုင်ကို rightclick ထောက်ပါ add to archive နှိပ်ပါ



ဖိုင်ဆိုက်အရမ်းကြီးနေရင် 5MB နေရာမှာ 100MB ရွေးလိုက်ပါ



 နည်းပညာဗဟုသုတများ တိုးပွားနိုင်ကြပါစေ

No comments:

Post a Comment